နည်းပညာတက္ကသိုလ်(လားရှိုး)၏သတ္တမအကြိမ်မြောက်၊စုပေါင်းမဟာဘုံကထိန်အလှူတော် ရေစက်ချတရားနာယူပွဲနှင့်အောင်ပွဲမင်္ဂလာနေ့ကိုနည်းပညာတက္ကသိုလ်၏သိပ္ပရတနာခန်းမတွင်လားရှိုးမြို့၊ရက္ခဝတီတောရကျောင်းတိုက်ဆရာတော်ဦးရာဇိန္ဒအမှူးပြုသောသံဃာတော်(၅)ပါးအားပင့်ဖိတ်ကပ်လှူပူဇော်ကာကျင်းပခဲ့ပြီး(၅)ပါးသီလဆောက်တည်ကာတရားနာကြားရေစက်သွန်းချခြင်း၊နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်ကထိန်အခြံအရံပဒေသာပင်များကိုစနစ်တကျစီမံဆောင်ရွက်ပို့ဆောင်ခဲ့ပါသည်။ ကြားကြားသမျှသာဓုခေါ်ဆိုနိုင်ကြပါစေသောဝ်