လားရှိုးမြို့တော် စည်ပင်သာယာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နည်းပညာက္ကသိုလ်(လားရှိုး)၊မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာ၊ဆရာမ များနှင့် 3BE ၊ 4BEနှင့်6BE ကျောင်းသား၊ကျောင်းသူများ၏ Total Station တိုင်းတာ ခဲ့သော လားရှိုးမြို့ရှိ အဓိက လမ်းမကြီးများပေါ်တွင် အောက်တိုဘာလ နှင့်နိုဝင်ဘာလ များ၌ အဓိကလမ်းမကြီး (၄)ခုကို တိုင်းတာမှုများပြုလုပ်ခဲ့သည့် Data ဆိုင်ရာ အချက်အလျက် များပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီ တွင်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်/ခရိုင်/မြို့နယ် စည်ပင်သာယာ ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊နည်းပညာတက္ကသိုလ်(လားရှိုး)မှ တာဝန်ရှိသူများ၊မြို့ပြအင်/ယာ ဌာနမှ ဌာနမှူး၊ဆရာ/မ များ၊ကျောင်းသား/သူ များနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။
