မျှော်မှန်းချက်
ကျင့်ဝတ်သိက္ခာနှင့် လျော်ညီသည့် အရည်အသွေးပြည့်မီသော အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု နည်းပညာတက္ကသိုလ်တစ်ခုဖြစ်လာစေရန်။
ခံယူချက်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရန် (ISO 9001:2015) ၏ လိုအပ်ချက်နှင့်အညီ တက္ကသိုလ်၏ အရည်အသွေးစီမံခန့်ခွဲ့စနစ်ကို ဖော်ဆောင်ရန် ။ ဘက်စုံအရည်အသွေးပြည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသား ဗဟိုပြုသင်ကြားမှုစနစ်များကို ပိုမိုထိရောက်စွာ အသုံးချရန် ။ ဒေသန္တရလူ့အဖွဲ့အစည်း၏ တန်ဖိုးနှင့်ရည်မှန်းချက်ပန်းတိုင်ကို ထောက်ပံ့ပေးရန်နှင့်ပစ္စုပ္ပန် အနာဂတ် မျိုးဆက်သစ်များ အတွက် ဘဝအရည်အသွေး တိုးတက်မြင့်မားစေရန်။
အရည်အသွေးရည်မှန်းချက်
သက္ကရာဇ်(၂၀၂၃)တွင် နည်းပညာတက္ကသိုလ်(လားရှိုး)ရှိ ဘွဲ့ကြိုကျောင်သား/သူ များအတွက် အင်ဂျင်နီယာသင်တန်းများကို အာဆီယံဒေသတွင်း သင်တန်းများနှင့် ချိတ်ဆက်ပေးခြင်း ဖြင့် ပူးပေါင်းဆောင်ရွက်ရန်