၂၀၁၉-၂၀၂၀)ပညာသင်နှစ် အတွက် နည်းပညာတက္ကသိုလ်(လားရှိုး)တွင် (၇၂)နှစ်မြောက်လွတ်လပ်းရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ နှင့် ပျော်ပွဲ ရွှင်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း မှစတင်၍ အပြေးပြိုင်ပွဲ များဖြစ်သော မီတာ ၁၀၀; ၂၀၀; ၄၀၀နှင့် မီနီမာရသွန် ပြိုင်ပွဲများ ကျင်းပ ခဲ့ပါသည်။ထို့ပြင် ကြက်တောင်၊စားပွဲတင် တင်းနစ်၊ ဘောလီဘော၊ စစ်တုရင်နှင့်ဖူဆယ်ဘောလုံးပွဲစဉ် များ၏ နောက်ဆုံးပွဲစဉ်များအားလည်း နည်းပညာတက္ကသိုလ်(လားရှိုး)ရှိ ကျောင်းဝန်းအတွင်း သတ်မှတ်နေရာ များတွင် ကျင်းပခဲ့ကြကြောင်း သိရှိရသည်။ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ အားကစား သမားများမှ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင် ခဲ့ကြပါသည်။